ပအိုဝ်းမီးပုံးပျံအဖွဲကို ပအိုဝ်းတစ်မ်ျုးသားလုံးက ဘယ်လိုဆုပေးအပ်သလည်း
- Pa-O Lunge Media
- Nov 16, 2019
- 1 min read
ပအိုဝ်းတစ်မျိုးသားလုံးကပေးအပ်သည့် သမိုင်းဝင်ဆုကို ရွှေပအိုဝ်းတို့ရရှိပြီးပြီဖြစ်၍ ဝမ်းမနည်းပါနဲ့...
ရွှေပအိုဝ်းတို့..💪💪💪
....................
တောင်ကြီး၊ နိုဝင်ဘာ ၁၃
၂၀၁၉-ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်လည်း ပြီးဆုံးသွားပါပြီိ။
ဆုရသည့် မီးပုံးပျံများ၊ မီးပဒေသာပင်များ စာရင်းလည်းထွက်လာပါပြီ။
ရွှေပအိုဝ်းတို့လည်း ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ်အရုပ်များ၊ မီးပဒေသာပင်များတွင် ကိုယ့်လူမျိုး၊ ကိုယ့်မြို့တော်၊ ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာမှာလည်း ပါနိုင်သမျှပါအောင်
အားဖြည့်ပါဝင်ကူညီခဲ့ပါပြီ။
သို့သော် ဆုရစာရင်းများတွင် ရွှေပအိုဝ်းတို့ ပါဝင်မလာ၍ ဝမ်းနည်းပူဆွေး၊ ဒေါသထွက်ခဲ့ကြလေကုန်သည်။
အချို့သောရွှေပအိုဝ်းတို့က ဆုရစာရင်းတွင်ပါမလာ၍ဒေါသထွက်ကြလေကုန်သည်။
ကျွန်တော့်အနေဖြင့်ပြောကြားလိုသည်မှာ...
ဒေါသမထွက်ပါနဲ့ရွှေပအိုဝ်းတို့
ဝမ်းမနည်းပါနဲ့ရွှေပအိုဝ်းတို့
ဆုရဲ့တန်ဖိုးငွေနဲ့တန်ဖိုးဖြတ်လို့ရသော်လည်း စည်းလုံးညီညွတ်မှုသည် ငွေနဲ့မပြောနဲ့ ရွှေ၊ ပတ္တမြား၊ စိန်များဖြင့်တန်ဖိုးဖြတ်၍မရသည်ကို သတိပြုစေလိုပါသည်။
ငွေကြေးဖြင့်စည်းရုံးခြင်းမရှိဘဲ
ကိုယ့်အမျိုးသားအသိစိတ်၊ ကိုယ့်လူမျိုးဂုဏ်သိက္ခာအတွက် ကိုယ်မြှင့်တင်ခွင့်ရသည်ကိုဘဲ မိမိကိုယ်ကို ပြန်ဂုဏ်လိုက်စမ်းပါ။
ရှေ့လာမည့် နှစ်များတွင်လည်း
ယခုနှစ်ထက်အားရစရာကောင်းသော စံပြဖြစ်သော၊ အခြားသောသူများထက် ခေါင်းတလုံးသာသော စည်းလုံးညီညွတ်မှု များကို ဆက်လက်ပြသလိုက်စမ်းပါ။
အရာရာကို ဥပေက္ခာပြုပြီး..
ရှိနှင့်ပြီးသော စည်းလုံးညီညွတ်မှုများကို ဆက်လက်ထိန်းသိမ်းပါ။ ပိုပြီးစည်းလုံးညီညွတ်ပြလိုက်စမ်းပါ။ ငါတို့စည်းလုံးညီညွတ်မှ ဖြစ်မယ်ဆိုတဲ့ အသိစိတ်ကို ပြန်လည်သွင်းယူပါ။ မနာလိုသောသူများ သူ့ဘာသာသူရှက်လာပါလိမ့်မယ်။
တန်ဆောင်တိုင်မှာ ငွေကြေးဆုမရပေမယ့် ပအိုဝ်းတစ်မျိုးသားလုံးပေးတဲ့ စည်းလုံးညီညွတ်မှု ဆိုတဲ့ သမိုင်းမှတ်တမ်းတင်မယ့်ဆုကို ရွှေပအိုဝ်းတို့ပိုင်ဆိုင်ပြီးသားပါ။
ဒါကြောင့် ရွှေပအိုဝ်းတို့ရေ..
ဝမ်းနည်းပက်လက်၊ ပူဆွေးသောက၊ ဒေါသထွက်မယ့်အစား
စည်းလုံးညီညွတ်မှုများကို
ငွေကြေးတန်ဖိုးဖြင့်ဖြတ်မယ်အစား
ကိုယ်လုပ်စရာရှိတာ
ဆက်လုပ်ပြလိုက်စမ်းပါ။ ဆက်စည်းလုံးပြလိုက်စမ်းပါ ရွှေပအိုဝ်းတို့ရေ......
ခွန်ယွေးယဲင်(ခမ်းစန္တားဟေ့)
##PSA,Admin Team##

Comments